စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် “တက္ကသိုလ်/ဒီဂရီ ကောလိပ်ပေါင်းစုံ Inter-Displinary Hackathon ပြိုင်ပွဲ” ဖွင့်ပွဲ အခမ်းအနားကို (၂၅.၂.၂၀၂၆) ရက်နေ့၊ နံနက်ပိုင်း တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ် အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ၊ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) မှ ပါမောက္ခချုပ်၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ပြိုင်ပွဲတွင် နည်းပညာတက္ကသိုလ်(မုံရွာ)၊ မုံရွာပညာရေးဒီဂရီကောလိပ် နှင့် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) မှ ကျောင်းသား၊ကျောင်းသူများ မှ အဖွဲ့ (၅) ဖွဲ့ ဖြင့် (၂၅.၂.၂၀၂၆) ရက်နေ့ မှ (၂၆.၂.၂၀၂၆) ရက်နေ့ထိ (၂၄) နာရီ ကြာပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၆.၂.၂၀၂၆) ရက်နေ့ နေ့လယ်တွင် ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အဖွဲ့ အသီးသီးအား ဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။


























