ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ၏ နဝမအကြိမ်ပရောဂျက်ပြပွဲအခမ်းအနား
(Ninth Project Exhibition) ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၂၈ ရက်၊ သောကြာနေ့ တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ Project ပြပွဲတွင် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ဖန်တီးပြုလုပ်ထားသော Hardware Project များ နှင့် Software Project များ ကို ခင်းကျင်းပြသခဲ့ပါသည်။ ၎င်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိခဲ့သော Project အဖွဲ့ဝင်များကို ပါမောက္ခချုပ် နှင့် ဌာနမှူးဆရာ/ဆရာမများ မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။























