ကွန်ပျူတာတက္ကသိုလ်(မုံရွာ) နှင့် စစ်ကိုင်းတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကျင်းပသော Cyber Security Awareness Seminar ကို (၇-၈-၂၀၂၆) ရက်နေ့တွင်ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ် ဒေါက်တာစိုးစိုးခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းကွန်ပျူတာလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး မှ လည်း ကွန်ပျူတာလုပ်ငန်းရှင်အသင်း၏ လုပ်ဆောင်ချက်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် Kernellix(Cyber Defense and Response Center) ၏ ဦးဆောင်တည်ထောင်သူ ဦးရဲသူရသက် မှ “Welcome to Cyber Security Outlook” ခေါင်းစဉ်ဖြင့် Online မှ ဆွေးနွေးပြောကြားခဲ့ကြပြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ် မှလည်း ဆွေးနွေးဟောပြောပေးခဲ့ကြသော ကွန်ပျူတာပညာရှင်များအား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။








