ကွန်ပျူတာတက္ကသိုလ်(မုံရွာ) နှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန တို့ ပူးပေါင်းပြီး Fitness Dance သင်တန်းကို ကွန်ပျူတာတက္ကသိုလ်(မုံရွာ) တွင် (၁၅.၆.၂၀၂၆) မှ (၁၉.၆၂၀၂၆) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်း ဆင်းပွဲတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်မှ လာရောက်သင်တန်းပို့ချပေးပါသော
စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။


