၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) မိုးရာသီအားကစားပြိုင်ပွဲတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲကို (၄.၇.၂၀၂၆) မှ (၁၀.၇.၂၀၂၆) ထိ ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်းသားများမှ အဖွဲ့ (၆)ဖွဲ့ နှင့် ကျောင်းသူများမှ အဖွဲ့ (၄)ဖွဲ့ ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများကို ပါမောက္ခချုပ် နှင့် ဆရာ/မများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။























