သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား (၃-၇-၂၀၂၆) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုဦးစီးမှူးမှ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေသောကြောင်းများနှင့် ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောပို့ချသွားပြီး လက်ထောက်ကျန်းမာရေးမှူးမှလည်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများအန္တရာယ်နှင့် သက်ဆိုင်သောအကြောင်းအရာများကို ဟောပြောဆွေးနွေးသွားပါသည်။ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ပါမောက္ခချုပ်မှလည်း လာရောက်ဟောပြောပို့ချပေးခဲ့သော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(မုံရွာ) မှ တာဝန်ရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။