ကွန်ပျူတာတက္ကသိုလ်(မုံရွာ) နှင့် စစ်ကိုင်းတိုင်းကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသော အနာဂါတ်အတွက် AI အသိပညာပေး ဟောပြောပွဲကို (၁၉-၆-၂၀၂၆) ရက်နေ့တွင်ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ် ဒေါက်တာစိုးစိုးခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းကွန်ပျူတာပညာရှင်အသင်းဥက္ကဌ ဒေါ်တင်မာရီမှ လည်း ကွန်ပျူတာပညာရှင်အသင်း၏ လုပ်ဆောင်ချက်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာဝင်းထိန်ဝင်းမှ “Harnessing AI for Innovation and Growth” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မန္တလေးကွန်ပျူတာပညာရှင်အသင်းဥက္ကဌ ဦးနေဝင်းအောင် မှ “AI Solutions for the Future” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြပြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ် မှလည်း ဆွေးနွေးဟောပြောပေးခဲ့ကြသော ကွန်ပျူတာပညာရှင်များအား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

















