ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၏ “International Girls in ICT Day – 2026” အထိမ်းအမှတ် စကားဝိုင်း အခမ်းအနားကို (၁၆-၆-၂၀၂၆) ရက်နေ့တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းတွင် ကျောင်းသူ(၅)ဦးမှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှလည်း သိလိုသည့်မေးခွန်းများကို ပါဝင်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။








