မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်များနှင့် ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်များနှင့် ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ အား (၁၁-၆-၂၀၂၆) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၊ မုံရွာ မှ တာဝန်ရှိသူများမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်များနှင့် ပတ်သတ်၍ သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို ‌လာရောက်ဟောပြောပို့ချပေးခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ဆရာ/မများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ပါမောက္ခချုပ်မှလည်း လာရောက်ဟောပြောပို့ချပေးခဲ့သော မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (မုံရွာ) မှ တာဝန်ရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။