AI လက်တွေ့ အသုံးချနည်း သင်တန်းပို့ချခြင်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) မှ ဆရာ/ဆရာမများ နှင့် ရုံးဝန်ထမ်းများအား လုပ်ငန်းခွင်တွင် နည်းပညာအထောက်အကူဖြစ်စေရန်အတွက် AI လက်တွေ့ အသုံးချနည်း သင်တန်းကို (၁၈-၆-၂၀၂၆) ရက် နှင့် (၁၉-၆-၂၀၂၆) ရက်များတွင် ကွန်ပျူတာသိပ္ပံမဟာဌာနမှ ဆရာမများမှ သင်ကြားပို့ချခဲ့ပါသည်။ ထို့အပြင် ကျောင်းသား၊ကျောင်းသူများကို လက်တွေ့နယ်ပယ်တွင် အထောက်အကူဖြစ်စေရန်အတွက် Adobe Photoshop အသုံးပြုနည်း သင်တန်းကို (၁၈-၆-၂၀၂၆) ရက်မှ (၂၉-၆-၂၀၂၆) ရက်နေ့ထိ ကွန်ပျူတာစနစ်နှင့် ပြုပြင်ထိမ်းသိမ်းရေးဌာန မှ သင်ကြားပို့ချခဲ့ပါသည်။