ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲအား (၂၃-၄-၂၀၂၆) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးရုံး(စစ်ကိုင်း)၊ မုံရွာ မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို ‌လာရောက်ဟောပြောပို့ချပေးခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ဆရာ/မများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ပါမောက္ခချုပ်မှလည်း လာရောက်ဟောပြောပို့ချပေးခဲ့သော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးရုံး(စစ်ကိုင်း)၊ မုံရွာမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများအား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။