၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ထမနဲထိုးပြိုင်ပွဲကို (၃၀-၁-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းနှစ်အသီးသီးမှ ကျောင်းသား/ကျောင်းသူ များမှ မုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပါသည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/သူများမှ အဖွဲ့(၇)ဖွဲ့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်အဖွဲ့များကိုလည်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။














