(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲပြိုင်ပွဲများကျင်းပခြင်း

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ စစ်တုရင် ပြိုင်ပွဲများကို (၃၁-၁၂-၂၀၂၅) ရက်နေ့တွင်လည်းကောင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို (၂၉-၁၂-၂၀၂၅) ရက်နေ့ မှ (၄-၁-၂၀၂၆) ရက်နေ့ အထိ လည်းကောင်း၊ ထုပ်စည်းတိုး ပြိုင်ပွဲကို (၃-၁-၂၀၂၆) ရက်နေ့ မှ (၄-၁-၂၀၂၆) ရက်နေ့ အထိ လည်းကောင်း ကျင်းပခဲ့ပြီး လွန်ဆွဲ၊ ဂုန်နီအိတ်စွပ်၊ အာလူးကောက်၊ ထိုင်ခုံလု၊ သံပုရာသီးဇွန်းကိုက်၊ ခြေပူးတွဲပြေး၊ အပ်ချည်ထိုး(နှစ်ယောက်တွဲ) နှင့် ဖရောင်းတိုင်မီးထွန်းပြေး စသည့် ပြိုင်ပွဲများကို (၄-၁-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲများတွင် ကျောင်းသား/သူများနှင့် ဝန်ထမ်းများမှ တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ခဲ့ပါသည်။