၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ နှင့် ဘာသာရပ် မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပခြင်း

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ နှင့်ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၄.၁၁.၂၀၂၅) ရက်နေ့ နေ့လယ်ပိုင်း တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ် မှ မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများကို အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ ပါမောက္ခချုပ်မှလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဌာနမှူးဆရာ/ဆရာမ များမှလည်း သင်ကြားရမည့် ဘာသာရပ်များနှင့် ပတ်သတ်ပြီး အသီးသီး ရှင်းလင်းဟောပြောခဲ့ကြပါသည်။