ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြပွဲ အခမ်းအနား ကို (၁၈-၁၂-၂၀၂၅) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့ ” ခေါင်းစဉ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှလည်း အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် ပတ်သတ်ပြီး သရုပ်ပြ ပြောကြားပေးခဲ့ပါသည်။ ထို့နောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ကျောင်းသား/သူ များမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများကို ပါဝင်ဆွေးနွေးဖြေကြားခဲ့ပါသည်။








