သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ ကွန်ပျူတာတက္ကသိုလ် (မုံရွာ) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ(၂၄)ရက် မှ စတင်၍ မဟာဘွဲ့သင်တန်းများ (M.C.Sc./M.C.Tech./M.I.Sc.) ကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။ အထက်ပါ မဟာဘွဲ့သင်တန်းများအနက် မဟာကွန်ပျူတာသိပ္ပံ/ မဟာကွန်ပျူတာနည်းပညာ/ မဟာသုတသိပ္ပံ (M.C.Sc./M.C.Tech./M.I.Sc.) သင်တန်းများသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး မဟာဘွဲ့ကြို (Course-Work) သင်တန်း(၁)နှစ် နှင့် သုတေသန ကျမ်းပြုသင်တန်း(၁)နှစ်၊ စုစုပေါင်း (၂) နှစ် သင်တန်းဖြစ်ပါသည်။

