လူကုန်ကူးမှုတားဆီးကာကွယ်ရေး နှင့်ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေး‌ဟောပြောပွဲ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး‌ဟောပြောပွဲ အား (၈-၈-၂၀၂၅) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ဥပဒေများ နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် စပ်လျဉ်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို ‌လာရောက်ဟောပြောပို့ချပေးခဲ့ကြပါသည်။ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ဆရာ/မများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ပါမောက္ခချုပ်မှလည်း လာရောက်ဟောပြောပို့ချပေးခဲ့သော လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ရဲအုပ်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးတို့အား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။