၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပွဲ ကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်း(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပွဲကို (၁၁.၇.၂၀၂၅)ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပွဲတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ် ဒေါက်တာစိုးစိုးခိုင်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် ဝန်ထမ်းများ၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျောင်းအနီးမှ ဒေသခံပြည်သူများနှင့် အခြေခံပညာကျောင်းမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၅၀) ဦးတက်ရောက်ခဲ့ကြပြီး သတ်မှတ်နေရာများတွင် စုစုပေါင်း ပျိုးပင်(၆၀၀)ကို စိုက်ပျိုးခဲ့ကြပါသည်။